Tuesday, August 13, 2013

WindowsUpdateလုပ်တဲ့အခါမှာError တွေကျလာရင် System Update Readiness Toolနဲ့ဖြေရှင်းနည်း

Windows Update လုပ်တဲ့အခါမှာ Error တွေ ကျလာရင် System Update Readiness Tool နဲ့ ဖြေရှင်းနိုင်ပါတယ်။Error ကျလာရတာကတော့ သင့် ၀င်းဒိုး ရဲ့ file data,registry , system files စတာတွေ ပျက်ဆီးနေလို့ ဖြစ်ပါတယ်။ဒီလို အခြေအနေမျိုးမှာ System Update Readiness Tool ကို သုံးပြီးသင့်ကွန်ပြူတာရဲ့ ပျက်ဆီးနေတဲ့ system files တွေကို ပြန်ပြုပြင်ပေးမှသာ update လုပ်နိုင်မှာပါ။

Windows 8 user တွေ အတွက် system update readiness tool က နဂို ပါပြီးသားဖြစ်တဲ့ အတွက် ဒေါင်းလုပ်လုပ်စရာမလို ပါဘူး။Command Prompt ကို admin အနေနဲ့ ဖွင့်ပြီး အောက်က command တွေ ကို တစ်ခု ချင်းစီ ရိုက်ထည့် ပြီး enter ခေါက်ပါ။
1.  DISM.exe /Online /Cleanup-image /Scanhealth
2.  DISM.exe /Online /Cleanup-image /Restorehealth
 ပြီးရင် exit နှိပ်ပြီး command prompt ကို ပိတ်လို့ ရပါတယ်။Control Panel က Windows Update ကိုနှိပ်ပြီး update ပြန်လုပ်ကြည့်ပါ။



Windows 7, Windows Vista, Windows Server 2008 R2, and Windows Server 2008  အသုံးပြုသူတွေ အတွက် System Update Readiness Tool ကို Microsoft ၀က်ဆိုက်က ဒေါင်းလုပ်လုပ်ပြီး run ပါ။Instruction တွေအတိုင်းဆက်လုပ်သွားပါ။သင့်ကွန်ပြူတာက ပျက်ဆီးနေတဲ့ System Files တွေကို scan လုပ်ပြီး ပြုပြင်ပေးမှာ ဖြစ်တဲ့အတွက် အချိန်ကြာမြင့်နိုင်ပါတယ်။နောက်ဆုံး complete dialog box ပေါ်လာရင် တော့ Windows Update ပြန်လုပ်ကြည့်ပါ။အဆင်ပြေပါစေ။
                                                            www.kothuya.com

No comments:

Post a Comment