Sunday, December 21, 2014

ဖုန်းအကောင်းတွေဖျက်ဆီးကြမယ်

ဖုန်းအကောင်းတွေ ဖျက်ဆီးကြမယ်ဆိုလို့ ဖုန်းအကြောင်းလို့မထင်လိုက်ပါနဲ့
ပိုတိုရှော့ဗဟုသုတ အနေနဲ့ပြောပေးမှာ
ဒီလေ့ကျင့်ခန်းမှာ လိုအပ်တာတွေ အောက်မှာအရင်ဒေါင်းလိုက်ပါနော်
လိုအပ်တာတွေကတော့
၁။ပုံနှစ်ပုံ IPhone -ဆားကစ်ပြားပုံရယ်
၂။မှန်ကွဲစတွေဖန်တီးပေးမဲ့ Glass Brush တွေပါနော်



လိုအပ်တာတွေရပြီဆိုရင် Photoshop ကိုဖွင့်လိုက်ပါနော်
File Open ကနေပြီး ပုံတွေ ခေါ်လိုက်ပါ
ပြီးရင် ဆားကဒ်ပြား ပုံလေးကို ဖုန်းပုံထဲဆွဲထည့်လိုက်ပါ
ကီးဘုတ်က Ctrl+မောက်လေးဖိပြီး မှောက်လျှက်ဖုန်းပုံပေါ်မှာ နေရာချလိုက်ပါ















အပေါ် Layer 1ကို အောက်ကိုဆွဲချလိုက်ပါနော်

အဲ့ဒါဆို Layer1 လေးကဖုန်းပုံရဲ့အောက်ရောက်သွားပါပြီ
ပြီးရင် Brush Tools ကိုယူပါမယ် ခုဏကဒေါင်းထားတဲ့ Glass Brush လေးတွေထည့်ထားဘို့တော့လိုပါလိမ့်မယ်
Brush ထည့်မတတ်ရင်သင်ပေးပါမယ် ဒေါင်းလို့ရလာတဲ့ Rar ဖိုင်ကိုဖြည်ပြီး File Open သာဖွင့်လိုက်ပါ
အဲ့ Brush လေးတွေ ရောက်နေပါလိမ့်မယ်ဗျာ ။
Brush Tools ကိုယူပြီးရင် ကာလာအဖြူရောင်ထားပေးလိုကပါ အပေါ်ကပုံလိုပါဘဲ
ပြီးရင် Crate A New Layer ကိုကလစ်ပေးပါ အဲဒိ Layer ပေါ်မှာ ကလစ်နှိပ်မှတ်ထားပြီး Brush သင့်တော်သလိုဆွဲလိုက်ပါ။
ကီးဘုတ်က Ctrl+မောက်လေးဖိပြီး နေရာချလိုက်ပါ။
ဖုန်းရဲ့ထောင့်လေးဘက်မှာ ညီအောင်ညှိထည့်ပါ။
ပြီးရင် ညီညာပြီဆို ကျောဘက်ဖုန်းပုံကို အထဲက ဆားကဒ်ပြား တွေမြင်ရအောင် Eraser Tools လေးတွေနဲ့ ဖြည်းဖြည်း လိုက်ပွတ်ပေးပါ ကဲ အဲ့လောက်ဆို ဖုန်းဖျက်ဆီးတဲ့ လေ့ကျင့်ခန်းအောင်မြင်ပြီလို့
ပြောလို့ရပါတယ်ဗျာ......ဆက်လက်ကြိုးစာပါအုံးမည်



ဟန်မိုးလွင်(အိမ်လွမ်းသူ)
www.hanmoelwin.com
www.hanmoelwin.co.vu






No comments:

Post a Comment