Sunday, December 7, 2014

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်ရယူရန် နည်းလမ်းကောင်း


ကျွန်တော်တို့ ကွန်ပျူတာမှာ မမျော်လင့်ပဲ မှားဖျက်မိလိုက်တဲ့ DATA ဖိုင်များကို ပြန်လည်ရယူနိုင်ဆော့ဝဲလ်တွေကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေးဟာဆိုရင် ကွန်ပျူတာထဲက DATA File တွေတင်မကပဲ  memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဝဲလ် ဖြစ်ပါတယ်။
ဒီဆော့ဝဲကို အသုံးပြုနည်းကတော့ အောက်မှာပုံတွေနဲ့ပြထားပါတယ်
ဆော့ဝဲလ်ကို စက်ထဲထည့်သွင်းနည်းကိုလေ့လာလိုပါက
ဒီကနေဝင်သွားလိုက်ပါနော်
ဆော့ဝဲလ်ကို အောက်မှာဒေါင်းယူရန်
ဒေါင်းယူရန် DOWNLOAD
၁။ ။ ကွန်ပျူတာထဲမှ Pandora ဆော့ဝဲလ်ကိုဖွင့်လိုက်ပါ 
၂။ ။ Pandora ဆော့ဝဲလ်ဖွင့်လာတာကိုမြင်တွေ့ရမှာပါ ပုံမှာမြှားပြထားတဲ့ NEXT ကိုဆက်နှိပ်ပေးပါ။
၃။ ။ နံပါတ်(1) က No,I did not find my file.ဆိုတဲ့စာတန်းကိုရွေးပေးပါ
နံပါတ်(2) က မြှားပြထားတဲ့ NEXT ကိုနှိပ်ပါ
၎။ ။ ပြီးရင်တော့ နံပါတ်(1) မိမိမှားဖျက်မိလိုက် Memory Card, Micro SD ကိုရွေးပြီးကလစ်ပေးထားပါ
နံပါတ်(2) က မြှားပြထားတဲ့ NEXT ကိုနှိပ်ပါ
၅။ ။ (1) Search: I want to search for one of the following ကိုရွေးပေးပါနော်
(2) က မြှားပြထားတဲ့ NEXT ကိုနှိပ်ပါ
၆။ ။ ဒီနေရာမှာတော့ဖိုင်များကို ပြန်ရှာရန် မြှားပြထားတဲ့ Search ကို နှိပ်လိုက်ပါ
၇။ ။ ဒီနေရာကတော့ ကိုယ်မှားဖျက်မိလိုက်ဖိုင်များဖော်နေခြင်းဖြစ်ပါတယ်
ကိုယ်ပြန်လိုချင်တဲ့ ဖိုင်ပေါ်တွင် Click ပေးပြီး Right နှိပ်ပါပြီးရင်  Recover to ဆိုတာကို နှိပ့်လိုက်ပါ
၈။ ။  (1) ကတော့ မိမိဖိုင်များကို ဘယ်နေရာမှာ သိမ်းထားချင်လဲဆိုတာကိုပြပေးထာပါ
(2) မှာတော့ Recover Now ကိုနှိပ့်ပေးပါ
 ၉။ ။ ဒီအဆင့်ရောက်ရင်တော့ Close ကိုနှိပ့်ပေးပါနော်
ဒါဆိုရင် ဖိုင်ကိုပြန်ရယူလို့ပြီးဆုံးပါပြီ
အားလုံးကို ကျေးဇူးတင်ပါတယ်
မရှင်းတာများရှိခဲ့ရင် aungkyawonline@gmail.com ကိုအပ်ပြီး မေးမြန်နိုင်ပါတယ်

No comments:

Post a Comment